အားလုံးလဲသိထားကြပြီဖြစ်မယ်ထင်ပါတယ်။ မသိသေးသူအတွက်ပါ။
facebook မှာကိုယ်စကားမပြောချင်တဲ့သူရှိရင် chat box ရဲ.ဘေးက setting ကိုနှိပ်ပြီး Turn off chat for ……. ကိုနှိပ်လိုက်ပါ။
အဲဒါဆို သူဆီမှာ chat off ဖြစ်သွားပါပြီ အောက်ကပုံအတိုင်းလုပ်ကြည့်ပါ။
facebook chat မှာရှိတဲ့လူအားလုံးနဲ့မပြောချင်ရင် အောက်မှာ ပြထားတဲ့အတိုင်း setting ထဲမှာပြောင်းပါ။
ပြန်ပြီးစကားပြောချင်ရင် Turn on
ပြန်ပြောင်းပါ။
facebook မှာ report တင်နည်း
report လုပ်တယ်ဆိုတာ ကိုယ်မကျေနပ်တဲ့ page/post ၊ ကိုယ်မကြိုက်တဲ့ page/post ကို report တင်ဝိုင်းပြီး ဖျက်ခိုင်းတာပါ။
လူအများက လက်မခံတာများလာရင် facebook ဘက် ကဖျက်သိမ်းပေးရပါတယ်။
ပထမဦးဆုံး -
page တခုရဲ့ ညာဘက်ထောင့်က message ဆိုတဲ့ နားမှာ down arrow လေးကိုနှိပ်ပြီး report page ကိုနှိပ်ပြီး
report တင်တာပါ။
နောက် အောက်မှာပြထားတဲ့ဟာတွေကို select လုပ်ရပါမယ်။
I just don’t like it (ဒီ page ကို ငါမကြိုက်ပါ )
It’s harassing me or someone I know (၄င်းဟာ ငါနဲ.တစုံတယောက်ကို တိုက်ခိုက်မှုပြုလုပ်နေတယ်လို.ငါထင်ပါတယ် )
I think it shouldn’t be on Facebook (၄င်းဟာ ဖေ့ဘုတ် ပေါ်မှာမရှိသင့်ဘူးလို.ငါထင်ပါတယ် )
It’s spam or a scam (ဒီဟာက အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)
I want to report a post, not the entire Page (ဒီpage သည်ပြည့်စုံတဲ့ pageမဟုတ်ပါ။ထို့ကြောင့် ငါ report တင်ချင်တာပါ)
It’s duplicated or miscategorized (၄င်းသည် မိတ္တူကူးထားသော(သို.)အမျိုးမျိုးသောအကြောင်းကြောင့်ပါ)
ရွေးချယ်ပြီးရင် continue ကိုနှိပ်လိုက်ပါ။ Thank you လို.ပေါ်လာရင် report တင်တာပြီးဆုံးသွားပါပြီ။
သတိ – မသိသေးသောသူများအတွက်သာဖြစ်ပါတယ်....

0 comments:
Post a Comment