Showing posts with label ကိုယ်တွေ့ဘ၀ကြောင်း. Show all posts
Showing posts with label ကိုယ်တွေ့ဘ၀ကြောင်း. Show all posts

Monday, 16 June 2014

ကိုယ်တွေ့ဖြစ်ရပ် နှင့် ဘ၀အကြောင်းတချို့

www.soewinnaing.blogspot.com
သူငယ်ချင်းများအားလုံး မင်္ဂလာပါဗျာ...ဒီတစ်ခါ ကျွန်တော်ကိုယ်တိုင် အတွေ့အကြုံ လေးတွေနဲ့အတူ လေ့လားတွေ့ရှိထားတဲ့
ဗဟုသုတ အချို့ကို ပြန်လည်တင်ပြပေးချင်ပါတယ်ဗျာ..အကယ်၍ အမြင်မတူအယူကွဲပြားများရှိခဲ့ပါက အတတ်နိုင်ဆုံးပြန်လည်ပြုပြင်
နားလည်ပေးပါရန် အထူးမေတ္တာရပ်ခံထားပါရစေ...။

  • ဘ၀ဆိုတာထဲကို ရောက်လာဘီ၊ ဘ၀ဆိုတာကို စတင်ရင်ဆိုင်လာရဘီဆိုတာနဲ့၊ ဆိုးမှု ကောင်းမှု ၊ သာယမှု မသာယာမှုတွေက၊
ကျနော့်ရဲ့စာဖတ်သူ သူငယ်ချင်းများအားလုံးကြုံကြတွေ့ကြရမှာ မလွဲမသွေပါဘဲ။ လူရယ်လို့ဖြစ်လာဘီဆိုတဲ့အချိန်ကစပြီး င့ါဘဝ
ဘယ်နားလေးကစခဲ့တာလဲ ဘယ်လောက်ဆိုရင် ငါ့ဘ၀ဆုံးမှာလဲ ဒါကိုအမြဲတမ်းစဉ်းစားတတ်ကြပါတယ်။ တချို့ကပြောကြမှာပေါ့
ချမ်းသာတဲ့သူလေးတွေရဲ့ဘ၀များ သာယာလိုက်တာ ကြည့်စမ်း...ကားလေးနဲ့ တိုက်တွေ တာတွေနဲ့ လို့အောက်မေ့ချင်စရာကြီးပေါ့။
တကယ်တော့သူလဲလူဘဲ ပူရတာပေါ့ ကျနော်တို့လူတိုင်းပြောနေတဲ့ ''လူတစ်ခုပူမှုရယ်တဲ့ ဆယ်ကုဋ္ဋေ ''ဒီလိုပါဘဲ သူလဲ လူဖြစ်နေတော့
အပူဆိုတာကင်းမှာမထင်ပါဘူး။ သူကားစီးနေတယ်ဆိုတာကလဲ သူဒီကားလေးစီးရအောင်လုပ်နေတုန်းအချိန်က မြင်မှမမြင်ရတာလေ
သူဘာတွေလုပ်ခဲ့ရတယ် သူအတွက်ဘယ်လိုတွေရင်းခဲ့ရတယ်ဆိုတာသိခဲ့ရမယ်ဆိုရင် အစောနလေးကိုလို တွေးဖြစ်ပါ့မလား...။
ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀သမိုင်းကတော့ ပန်းမွေ့ယာ ရွှေကောဇောတော့မဖြစ်နိုင်ဘူး ဘ၀ခရောင်းတောမှာ
မောနေအောင်လျှောက်ခဲ့ရတာတွေက ခပ်များများရယ်။ ငယ်စဉ်အခါ ကလေးဘ၀တုန်းကတော့ ကိုလိုချင်တာကိုတောင့်တတာတွေကို
အမေ့ရင်ခွင်မှာ ငိုညည်းချင်းနှင်ဖြစ်စေ၊ ပြုစုပျိုးထောင်ပေးတတ်တဲ့ အဖေ့ထံမှာ ခေါင်းခွေ၊ လိုတာဘဲဟေ့....လို့ လက်ဖျန့်ခဲ့လို့
ရရင်ရမယ်ပေါ့။ ကိုယ့်ဘ၀ကို တစ်ယောက်ထဲ အရင်ကဆိုထားတဲ့ ရွှေနန်းတွင်းစကားတစ်ခလို ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
ငါ့လှေငါထိုး ပဲခူးရောက်ရောက် ထွက်လာဘီဆိုကတဲ့က လောကကြီးရဲ့ခပ်ကြမ်းကြမ်း ပညာပေးမှုတွေစတင်တော့တာပါဘဲ။

  • ကျနော့ကို ကျနော့်အမေက ပြောဖူးတယ် ''သားအသက်က ငယ်ပါသေးတယ်'' အဲဒီစကားကိုကြားစတုန်းကတော့
ကိုယ့်ဖြစ်ချင်တာကိုယ်လုပ်ချင်တာကိုဘဲ ကျနော့စိတ်ကရောက်နေတာဆိုတော့ စဉ်းစားတယ် အမေ ငါ့အသက်လည်း နှစ်ဆယ့်ကျော်
နှစ်ဆယ့်ငါးပတ်ဝန်းကျင်တောင်ရောက်နေဘီ၊ ဘာလုပ်များငယ်ပါသေးတယ်လို့ပြောတာလဲ၊ သူများနိုင်ငံတွေမှာဆို အသက် ဆယ့်ရှစ်
(၁၈)နှစ်ပြည့်တာနဲ့ လူကြီးဖြစ်တာဘဲလို့အောက်မေ့ထားခဲ့တာ မိသားစုဆိုတဲ့နောက်ခံဘာဘာလေးကနေလဲထွက်လာရော့ ဟိုထိ ဒီထိနဲ့
ကျနော့်ဘ၀ ဒဏ်၇ာတွေက စခဲ့ပါဘီ။ အဲဒီဒဏ်ရာတွေက ကျနော့်ရဲ့ နှလုံးသားထဲတင်မကဘူး ကျနော့်ရဲ့ ပုံမှန်စားသောက်နေရတဲ့
အစာအိမ်လေးပါတောင် ဆာလောင်မှုတွေခံစားလိုက်ရအောင်ပါဘဲ။ အဲဒါကျမ ကျနော့ကို အမေ ပြောတဲ့ ငါသားငယ်ပါသေးတယ်ဆိုတာက လူသက်ကိုပြောတာမဟုတ် ဘ၀အတွေ့အကြုံ အသက်ကိုပြောတာပါလားဆိုတာသဘောပေါက်ခဲ့တော့တယ်။

  •           ကိုယ့်ဘ၀က ဘာဂုဏ်ဒြပ်တွေ ဘာငွေကြေးတွေမ မပြည့်စုံတော့လဲ ဘယ်သူကမ အထင်မကြီးဘူး မလေးစားချင်ကြဘူးရယ်...။
ကိုယ့်ဘ၀ ကိုနာကျည်းလွန်းလို့ နားကျည်းချက်တွေအားလုံးကို စုထားပီးတော့ Word တွေ NotePad တွေနဲ့
စာရေးသိမ်းထားမယ်ဆိုရင်တောင် ကွန်ပျူတာဟက်ဒစ် တွေတတ်နိုင်ပါ့မလားမသိဘူး။ တခါတလေများ ကိုယ်ဘဲသူတို့
ကိုဘာတွေလုပ်မိထားတာပါလိမ့်လို့တောင် စဉ်းစားမိရလောက်အောင်ပါဘဲ၊ သူတို့လက်ထဲက ၀တ္ထုစာအုပ်လေးတွေ
ကာတွန်းစာအုပ်လေးတွေလောက်တောင် အလေးမထားချင်ကြဘူး။ တခြားသောအတတ်ပညာတွေကိုတော့ သင်ရိုးကုန်ပညာစုံ သင်လို့
ရချင်ရလိမ့်မယ် ဘ၀ကဖြစ်လာတဲ့ သင်ခန်းစာဆိုတာကတော့ ခေါင်းစဉ်တခုပီးတခု စာမျက်နှာတွေအားလုံး နှံ့စပ်ဖို့မပြောနဲ့ မာတိကာ စာမျက်နှာကိုတောင် မဆုံးနိုင်အောင်ပါဘဲဗျာ...

  • ကိုယ်အတွက်အရေးပါပြီး မက်မက်မောမောရှိခဲ့တဲ့အရာတွေ က ကိုယ်ပိုင်ဆိုင်ခွင့်မရခဲ့တော့ အတော်လေးကိုစိတ်ပျက်ခဲ့ရပါတယ်။
ငွေကြေး အပြည့်အစုံနဲ့ သူဌေးမင်းမဟုတ်ခဲ့ဘူးဆိုရင်တောင် အကြွေးကင်းကင်းလေးနဲ့နေနိုင်သူအချို့ကလဲ ရလာတဲ့နေရာလေးနဲ့အတူ
သနားကြင်နာစိတ်ဆိုတာလဲ မရှိတတ်တဲ့စိတ်ဓာတ်ကြီးတွေနဲ့ပေါ့လေ..တခါတလေးကျလဲ ကိုယ်ဖြစ်ခဲ့တဲ့ ကိုယ့်အကြောင်းတွေက
နောက်ကိုပြန်လှည့်ကြည့်ရမှာတောင် ကြောက်လာသလိုလိုဖြစ်ရတယ်၊ နောက်ဆုံးတော့လဲ ဘယ်လောက်ပဲခက်ခဲမှုတွေရှိနေပါစေ၊
နောက်ကိုပြန်လှည့်မကြည့်ရဲပေမယ့် ရှေ့ကိုတော့ဆက်လျှောက်ရအုံးမှာဘဲဆိုတဲ့အတွေးလေးနဲ့တော့ ပြင်းလှစွာသောအသက်ရှူသံတွေနဲ့
 မျှော်ကြည့်ရပေအုံးတော့မပေါ့ဗျာ......
Read More
    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers