Showing posts with label Apk Wallpaper. Show all posts
Showing posts with label Apk Wallpaper. Show all posts

Friday, 2 May 2014

h2o ကို ဓာတ်မခွဲတတ်သောကျောင်းသားနှင့် ခေတ်သစ်ဦးဖိုးကျား

ငါ့ကအဆောင်မှူးတူကွ မင်းကိုကြည့်ရတာ
ဒီကဟုတ်ပုံမတူဘူး ဘယ်ကလဲ

'ကျွန်တော်က မုံ ရွာကပါ' စကားလုံးတစ်လုံးစီခွဲပြောလိုက်တယ်
အဆောင်မှူးတူဆpိုသူက
'အေးကွာ မုံ ဆိုတဲ့ ရွာတော့မသိဘူးကိုယ်က ကျောက္ကာကအခုလမ်းကြုံလို့ ဝင်လာတာ
ဒီမှာက မကြီးကန်ကများတယ်ကွ'
'အော်ဟုတ်'
မေးထူးခေါ်ပြောသဘောပေမို့ မထူးသည်အနေနဲ့  ကျွန်တော်အိမ်စာတွေကိုသာဆက်လုပ်နေတော့သည်။ ကျွန်တော်နှင့်အခန်းဖော်သူငယ်ချင်းက သလောက် ကဖြစ်သည်။အခုဒီကောင်က သိုးနေအောင်အိပ်ပျော်နေရာ ငနဲသားက ကျွန်တော်ကိုကြည့်လိုက် ထိုင်လိုက် ထလိုက်နှင့် အတော်လေးကိုဂနာမငြိမ်ဖြစ်နေတော့၏ တစ်ခါမှာတော့ 'ဒီမယ်' ဆိုပြီး အင်္ကျီအတွင်းမှ လေးထောင့်ဆန်ဆန်အပြားလေးတစ်ခုကိုထုတ်ပြပါတော့တယ်။ အပေါ်ပိုင်းတွင်အင်္ဂလိပ်စာလုံးအကြီးနှင့်ရေးထားရာ HUAWEI ဆိုသည့်စာသားမှာအထင်းသာပင်ဖြစ်တော့သည်။ ကျွန်တော်ကအဲဒါဘာကြီးလဲဟုမေးရာ ငနဲသားက လောကကြီးရဲပြတင်းပေါက်ဟုဖြည်းညင်းစွာပြော၏ ထိုသူမှဆက်ပြီး 'ဟောဒါ touch screen ဖုန်းကွ ကိုယ်ကဖုန်းကို internet ချိတ်ထားတယ် သိပ်မပေးရပါဘူး ၅သိန်းကျော်လောက်ပါပဲ'
ကျွန်တော်ကို အင်တာနက်ဆိုကြီးရယ် တက်စကရင်ဆိုတာကြီးရယ်ကို အာပေါင်းအာရင်းသန်သန်နှင့်သူသိသမျှအားလုံးဖွင်ထုတ်ပါတော့တယ်။ ကျွန်တော်မျက်မှန်အတွင်းမှ မျက်တောင်များကိုပုတ်ခက်ပုတ်ခက်လုပ်ရင်းသူလုပ်သမျှကို
ကြည့်နေရပါတော့တယ်။
'အင်တာနက်ဆိုတာ တစ်ကမ္ဘာလုံးကရှိရှိသမျှအရာတွေကိုသိုးမှီးထားတဲ့ အရာကွ အဲဒီမှာ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေအားလုံးကြည့်လိုရတယ် သီးချင်လဲနားထောင်လို့ ရတယ် အဲလိုကြည့်ဖို့ အတွက်ကလဲ ကို လိုတက်စကရင်ရှိတဲ့ ဖုန်းတွေမှရတာကွ'

'ဟုတ်လို့ လားဗျာ ခင်ဗျာဟာလေး သေးသေးလေး တစ်ကမ္ဘာလုံးကဟာတွေကိုဘယ်လို့ လုပ်သိနိုင်မလဲ'
ငနဲသားရူရူရှဲရှဲဖြစ်သွားသည်(ငရုပ်သီးစား၍မဟုတ်ပါ) ပြီးတော့ဘာတွေလုပ်လိုက်သည်မသိ H ဆိုတာလေးပေါ်လာသည် အင်တာနတ်ဆိုတာကြီးကိုဖွင့်လိုက်ပြီးဟုပြောသည် ။ google image ကိုသွားပြီး
'ကဲမင်းဘယ်သူပုံကြည့်ချင်လဲပြော' ဟုဆို၍ သူရေးချင်ရာရေးသည် မေသက်ခိုင် ပုံတွေပေါ်လာသည် မိုးယုစံနာမည်ရိုက်ထည့်သည် မိုးယုစံပုံတွေ...နောက်ထပ်နောက်ထပ် လေးထောင့် box ရှည်ရှည်လေးထဲရုပ်ရှင်မင်းသမီး အဆိုတော်နာမည်တွေရိုက်ထည့်ပြန်သည်။ ကျွန်တော်မှာမျက်လုံးအပြူးသားနှင့် ။ သူကပြောသည် လောကမှာရှိရှိသမျှအားလုံးရိုက်ထည့်လိုက်ရင် သူတက်စကရင်ကကြည့်ချင်သမျှကိုပြပေးသည်တဲ့ 
ကျွန်တော်လဲ ကျွန်တော်နာမည်ကိုရိုက်ကြည့်ဖို့ တောင်းဆိုကြည့်ရာ
'မင်းလိုတောကကောင်တွေကဘယ်လိုလုပ်ရှိမှာလဲကွ ဒါကနာမည်ကြီးတဲ့ သူတွေကိုပဲပြပေးတာ'

'နို့ ခင်ဗျ ပြောတော့တစ်ကမ္ဘာလုံးဆို'
ငနဲသားက ခနိုးခနဲ့ နိုင်သည်အကြည်မျိုးနှင့်ကြည်၍ သူတက်စကရင်ဆိုတာကြီး၏ ဂုဏ်ကို တစ်ပဲသားမှအထိမခံလိုသည့်အသံဖြင်
'ကဲပြောညီလေး မင်းနာမည်'
'မောင်လမင်းအောင်လို့ ရေးကြည့်အစ်ကိုရာ'
မှန်ဘီလူးလေးကိုနှိပ်လိုက်ပါပြီး ခဏအကြာ ကျွန်တော်ပုံတွေက Google image မှာအပြည့်။ ကျွန်တော်အံသြသည့်အမူအရာဖြင့်တစ်ကိုယ်လုံးကိုမြူးကြွနေ၏ ပါးစပ်မှလဲ တစ် ဟာ ထဲ ဟာ နေ၏ ခုတင်ပေါ်ခုန်ပေါက်၏ မျက်မှန်ကိုင်းလေးကို နှာခေါင်းဖျားပေါ်သို့
ပင်တင်ကာ အစ်ကိုဒီမှာကြည့် ကြည့် ကျွန်တော်ပုံတွေပေါ်လာပြီးဟု ဝမ်းသားအားရပြောရင်
'အစ်ကိုတက်စကရင်ကြီးက အရမ်းမိုက်တာပဲဗျာ ကျွန်တော်အတွက်တော့အံသြစရာတွေချည်းပဲ ငါးသိန်းကျော်တောင်ပေးရတယ်ဆိုတော့ ကျွန်တော်တော့ အစ်ကိုလို့ ဝယ်နိုင်မယ်မထင်ပါဘူးဗျာ'

ငနဲသားမျက်နှာတစ်မျိုးပြောင်းသွားတယ်။ သူဖုန်းကိုပိတ်လိုက်ပြီးအခန်းအပြင်ု့ ထွက်သွားတယ်။ နူတ်တောင်ဆပ်မသွားဘူး အရေးကြီးကိစ္စ တစ်ခုခုရှိလို့ နေမှာဟုတွေးရင်းကျွန်တော် အိပ်လိုက်ပါတော့တယ်။ ထိုအချိန်မှစပြီးကျွန်တော်မျက်စီရှေ့ တွင်အဆောင်မှူ၏တူဆိုသူကိုမတွေ့ ရတော့ပါ။
အဆောင်မှူ ဘော်ဒါမှူးရဲ့  နာမည်နဲ့  ထိုငနဲ ရဲ နာမည်ကိုမဖော်ပြတော့ပါ အကြောင်းမှာ ကျွန်တော် Facebookသူငယ်ချင်းစာရင်းတွင် အဆိုပါအဆောင်မှ ဆရာတစ်ဦးရှိနေလို့ ပါ ။

ဖုန်းဖြင့်ရေးသည့်အတွက်သည်းခံကြပါရန်

ရူးတူးတူးပေါကြောင်ကြောင်
Read More

Saturday, 7 September 2013

Next Honeycomb Live Wallpaper လေးပါ

ဒါလေးကတော့သွားရင်လာရင်းတွေ့လာတာနဲ့တင်ပေးလိုက်တာပါ ....အသိပြီးသားသူတွေလဲရှိမှာပါဘဲ...ဒါကတော့မသိသေးတဲ့သူယ်ချင်းတို့အတွက်ဖြစ်ပါတယ်..သူငယ်ချင်းတို့ ကို အခုပေးမယ့် APK လေးက Next Honeycomb Live Wallpaper ပါပဲ..။ 

 တော်တော်လှပါတယ်.။ လိုချင်ရင် ဒေါင်းသွားလိုက်ပါဦး...။

ဒီနေရာလေးမှာဒေါင်းလိုက်ပါ



Photo: သူငယ်ချင်းတို့ ကို အခုပေးမယ့် APK လေးက Next Honeycomb Live 
Wallpaper ပါပဲ ..။ တော်တော်လှပါတယ်.။ လိုချင်ရင် ဒေါင်းသွားလိုက်ပါဦး...။
Download 
Here--->>>>http://www.mediafire.com/download.php?pr8v8sjueebt7kb
Read More
    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers