Monday 14 July 2014

Window 7 ဆိုင်ရာနည်းပညာစုစည်းမှု

 
Windows 7 မှာ Appearence Fonts ဘယ်လိုချိန်းကြမလဲ

Windows 7 မှာ Appearence Fonts ကို zawgyi အဖြစ် change ဖို့ နည်းလမ်းလေးဖြစ်ပါတယ်။ ပြီးတော့ Windows 7 မှာ အဆင်ပြေမယ့် Zawgyi Keyboard ကို Install အလုပ်ပြီးသားဖြစ်ရပါ့မယ်..။Appearence Fonts ချိန်းဖို့အတွက် အောက်မှဖော်ပြထားတဲ့ အဆင့်တွေအတိုင်း ပြုလုပ်ပါ။
1. Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. Run Box တွင် control desktop ဟုရိုက်၍ Enter ခေါက်ပါ။

3. Personalization သို့ ရောက်ရှိမည်ဖြစ်ပြီး အောက်ဘက်အလယ်ရှိ Windows Color ကိုနှိပ်ပါ။

4. Window Color and Appearence သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းမှ Advanced appearence settings... ကိုနှိပ်ပါ။

5. Window Color and Appearence Box မှ Item တွင် အောက်ပါအတိုင်းမိမိပြောင်းလိုသည်များကို ရွေးချယ်၍ Font တွင် ZawgyiOne ကိုရွေးချယ်ပါ။

-Folder နှင့် File များကို မြန်မာလိုပေါ်လိုပါက Icon ကိုရွေးပါ။

-Menu များကို မြန်မာလိုပေါ်လိုပါက Menu ကိုရွေးပါ။

စသဖြင့် ရွေးချယ်နိုင်ပါသည်။



Windows 7 User Account Auto Logon လုပ်ရအောင်

Security အတွက် user account ကို password ပေးပြီး logon လုပ်ထားတော့ စက်ဖွင့်တိုင်း user name နဲ့ password ရိုက်ထည့်ရတာပေါ့။ အဲဒါကို မလုပ်ချင်တော့လို့ Auto Logon လေး လုပ်ထားကြရအောင်-

Registry မှာ လုပ်မယ်ဆိုရင် (နည်းလမ်း-၁)

1. Start -----> SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. RunBox တွင် regedit ကိုရိုက်၍ Enter ခေါက်ပါ။

3.HKLM\Software\Microsoft\Windows NT\CurrentVersion\winlogon ကိုသွားပြီး အောက်ပါ String များကို တည်ဆောက်ပြီး Value များထည့်ပါ-

- AutoAdminLogon (Value 1)

- DefaultUserName (Value မှာ မိမိ Auto Logon လုပ်ချင်တဲ့ User Name)

- DefaultPassword (Value မှာ မိမိ Auto Logon လုပ်ချင်တဲ့ User ရဲ့ Password)

- DefaultDomainName ( Value မှာ Domain Name) (Workgroup သမားတွေတည်ဆောက်ရန်မလိုပါ)

4. Restart လုပ်ပါ။

User Account မှာ လုပ်မယ်ဆိုရင် (နည်းလမ်း-၂)

1. Start -----> SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. RunBox တွင် control userpasswords2 ကိုရိုက်၍ Enter ခေါက်ပါ။

3. Users Tab ကို နှိပ်ပါ။

4. Auto Logon လုပ်ချင်တဲ့ User Name ကို select လုပ်ပါ။

5. Users must enter a user name and password to use this computer ကို uncheck လုပ်ပါ။ Apply ကို နှိပ်ပါ။

6. Auto Logon လုပ်မယ့် User ရဲ့ Password ကိုထည့်ပါ။ OK ကိုနှိပ်ပါ။ OK ကိုနှိပ်ပါ။

7. Restart လုပ်ပါ။
မှတ်ချက်။ Windows XP မှာလည်း ဒီနည်းအတိုင်းပဲနော်...
 
 
 
Speedup Windows 7 Boot Times
 
CPU နဲ့ Memory ကို ပိုသုံးပြီးတော့ Boot တက်တာမြန်အောင်လုပ်၍ ရပါသည်။

1.Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2.RunBox တွင် msconfig ကိုရိုက်၍ Enter ခေါက်ပါ။

3.Boot Tab ကို နှိပ်ပြီး Advanced options ကို နှိပ်ပါ။

4.Number of Processors ကို check လုပ်၍ ၎င်းအကွက်ထဲတွင် 2 သို့မဟုတ် 4(မိမိတပ်ဆင်ထားသော Processor အမျိုးအစားကိုလိုက်၍ Dual, Core Dual) ကို ထည့်ပါ။

5.Maximun Memory ကို check လုပ်၍ OK ကို နှိပ်ပါ။ OK ကိုနှိပ်ပါ။

6.Restart ချပါ။
 
 
User Account Control ကို ပိတ်ထားလိုက်ကြရအောင်
 
User Account Control ကို မလိုအပ်ပါက ပိတ်ထားနိုင်ပါသည်။ Security Check Box တွေကို အာရုံနောက်တဲ့သူတွေအတွက် အသုံးဝင်မည်ထင်ပါသည်။ ဥပမာ Registry Editor ဝင်မည်ဆိုပါက User Account Control Check Box တက်လာတော့မည် မဟုတ်ပေ။

1. HKLM\Software\Microsoft\Windows\CurrentVersion\Policies\System ထဲမှ
EnableLUA ၏ Value ကို 0 ပြောင်းပါ။

2. Restart ချလိုက်ပါ...
 
 

Windows 7 တွင် Startup အမြန်လုပ်ကြရအောင်
 
Prefetch ကို Cache Boot System ပေးခြင်းဖြင့် Startup ကို မြှင့်တင်နိုင်ပါသည်။

1. Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. RunBox တွင် regedit ကိုရိုက်၍ Enter ခေါက်ပါ။

3. HKLM\System\CurrentControlSet\Control\SessionManager\MemoryManagement\PrefetchParameters ထဲတွင် EnablePrefetcher ၏ Value ကို 2 ထားပါ။

5. Restart ချလိုက်ပါ။
 
 
 
 
Windows 7 တွင် Shutdown အမြန်လုပ်ကြရအောင်
 
1. Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. RunBox တွင် regedit ကိုရိုက်၍ Enter ခေါက်ပါ။

3. HKLM\System\CurrentControlSet\Control ထဲတွင် WaitToKillServiceTimeout ၏ Value ကို 0 ထားပါ။

4. HKCR\Control Panel\Desktop ထဲတွင် အောက်ပါ DWORD များတည်ဆောက်ပြီး Value များထည့်ပါ...

- AutoEndTasks (Value 1)

-HungAppTimeout (Value 0)

-WaitToKillAppTimeout (Value 0)

-WaitToKillServiceTimeout(Value 0)

-PowerOffActive(Value 1)

5. Restart ချလိုက်ပါ


Windows 7 တွင် Built-in Administrator Account ကို ဖွင့်/ပိတ
 
Windows တွင် Built-in Administrator Account ကို ပိတ်(ဖျောက်)ထားပါသည်။

လိုအပ်ချက်အရ ဝင်ရောက်လိုပါက အလွယ်တစ်ခု ဖွင့်နိုင်ပါသည်-

1. Start -----> All programs ----->Accessories ----->Command Prompt ပေါ်တွင် Right Click ၍ Popup menu မှ Run as Administrator ကို click လုပ်ပါ။ Command Prompt ပေါ်လာမည်။

2. ၎င်းတွင် net user administrator /active:yes ဟုရိုက်၍ Enter ခေါက်ပါက Logon တွင် Administrator အကောင့်ပေါ်လာမည် ဖြစ်ပါသည်။

3. ပြန်လည် ပိတ်(ဖျောက်)ထားလိုပါက အထက်ပါနည်းအတိုင်း Command Prompt ကို ပြန်သွားပြီး net user administrator /active:no ဟုရိုက်၍ Enter ခေါက်ပါ။
 
 အာလုံးအဆင်ပြေပါစေဗျာ.....။





0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers