Saturday 31 August 2013

Gtalk နည်းပညာများစုစည်းခြင်း

ဒါလေးကတော့ ဂျီတော့က သူငယ်ချင်းတစ်ယောက်မေးထားတာလေးပါ။ မသိသေးတဲ့သူတွေပါ
သိသွားရအောင်လို့ ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပေးလိုက်တာပါ။  သိပြီးသာသူတွေကတော့ ကျော်ပြီးဖတ်
သွားလိုက်ပါ။ တစ်ခါတစ်လေကျတော့ ကျွန်တော်တို့ဂျီတော့ကို တစ်ခုထက်မက သုံးရတဲ့အခြေအနေ
မျိုး ကြုံရတတ်ပါတယ်။ အဲလိုမျိုးကြုံခဲ့ရင် အောက်ပါအတိုင်းပြုလုပ်နိုင်ပါတယ်။

        
(၁) G-talk icon ပေါ်မှာ Right click ပေးပြီး  Properties ကိုကလစ်ပါ
(၂) G-talk Properties dialog box မှ shortcut tab ကိုသွားပါ။
(၃) Target box “C:\ Program files\ Google| Google Talk| googletalk.exe”/startmenu
      ဆိုတဲ့စာကြောင်းကို တွေ့ပါလိမ်မယ်။
(၄) stsrtmenu ဆိုတဲ့စာသား(အနီရောင်နဲ့ပြထားပါတယ်)ကိုဖျတ်လိုက်ပါ။
(၅) ထိုစာသားနေရာမှာ nomutex ထည့်ပေးပြီး  Apply/OK ပါ။
ပြီးပြီဆိုရင် G-talk icon ကိုကြိုက်သလောက် ကလစ် , ကလစ်သလောက် G-talk skin တွေထွက်လာ
ပါလိမ်မယ်။ 

Gtalk ကို Run box ကနေဖွင့်မယ်

Gtalk ကို Run box ကနေဖွင့်မယ်
ဂျီတော့ ကို program ကနေမဖွင့်ပဲ ခပ်ဖိန့်ဖိန့်လေး Run box ကနေ
ဖွင့်ချင်တယ်ဆိုရင်…G talk shortcut ကို desktop ပေါ်ရောက်အောင်အရင်ပို့။။
ပြီးရင် rename လုပ်ပါ။ gt လို့ နာမည်ပေးလိုက်။ပြီးရင် အဲဒီ shortcut ကို
cut လုပ်။ ပြီးရင် C:window ystem32 ထဲကို paste လုပ်လိုက်ပါ။ ဒါဆိုရင်
run box ကနေ gt လို့ ရိုက်ထည့်ကြည့်ပါက Gtalk တက်လာပါလိမ့်မယ်။။ နာမည်က
ကြိုက်တာပေးလို့ရပါတယ်။။ 

 

Gtalk မှာ User name ကျန်ခဲ့မှာဆိုးလား

ကျွန်တော်လည်းစာမရေးဖြစ်တာကြာပြီ အချိန်မရလို့ပါ ရတဲ့အချိန်လေး ၀င်ဝင်ရေးရတယ် အခု Gtalk ဆိုတဲ့ Google Talk အကြောင်းလေးပါ ကျွန်တော်မြင်တွေ့နေရတယ် ဘာကြောင့်လည်းဆို  User တွေပါ သူတို့နာမည်လေးတွေကျန်မှာဆိုးလို့ User name မှာ လျှောက်ရိုက်ခဲ့တယ် တကယ်တော့ ကျန်ပါတယ် လောလောဆယ်အဆင်ပြေဖို့အတွက်တော့ ပြောပြလိုက်ပါတယ် user name and password မှာ လျှောက်နှိပ်ပြီး enter ခေါက်ခဲ့ပေါ့ အဲလိုလုပ်လည်းကျန်နေခဲ့သေးတာပါပဲ ကဲ ရှည်နေလိုက်တဲ့စကား စနေသားဖြစ်လို့ပဲ ဒီလိုပါခင်ဗျာ သုံးတဲ့သူမှန်သမျှ Registery မှာ ကျန်နေခဲ့ပါတယ် ရှာချင်တယ် ဖျက်ချင်တယ်ဆိုရင်တော့ win + R နှိပ်ပါ မသိသေးရင်တော့ Start / Run ပြီးရင် regedit ဆိုရိုက်ပြီး ok HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။
 
 

G-talk ချက်သမျှ သိမ်းမထားချင်ရင်

 G-talk chat ထားတာတွေကို သိမ်းမထားချင်ရင် ဒီလိုလုပ်ပါ
1.Google Talk မှ settings
2.Chat ကို click ပါ
3.Don't save chat history in my Gmail account ကို click ပေးပါ
ပြီးရင်တော့ Ok ပေါ့ဗျာ...
 
 

Gtalk အတွက် skin

 

ဒီတစ်ခါတော့ ယခုခေတ်အသုံးများတဲ့ Google talk လေးကို အလှဆင်ဖို့အတွက်ပါ ပုံမှန် gtalk ကိုပဲ ပြောင်းလဲလိုက်တာပါ လုပ်ရတာလဲ လွယ်ကူပါတယ် အသစ်ဆန်းလေး ကြိုက်နှစ်သက်တယ် ပြောင်းလဲကြည့်ချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလုပ်ယူသွားလိုက်ပါ ကျွန်တော့်ဆိုင်မှာတော့ အားလုံး အဲလိုလေးတွေ လုပ်ထားလိုက်တယ် skin နှစ်မျိုးပေးထားပါတယ် အပြာနုရယ် အစိမ်းရောင်လေးရယ်ပါ ကျွန်တော်ပေးတာလေးကို ဒေါင်းလုပ်စွဲ ပြီးရင် copy ယူလိုက်ပါ ပြီးရင် my computer / local Disk (c) / program files / Google / google talk ထဲမှာ ရှိတဲ့ မူလ googletalk ကို ဖျက်လိုက်ပါ ပြီရင် စောစောက copy လုပ်ထားတာကို အဲထဲမှ paste လုပ်လိုက်ရင် ရပါပြီ Desktop မှာရှိတဲ့ googletalk ကို ဖွင့်လိုက်ချိန်မှာ ဘောက်တစ်ခုကျလာပါမယ် browse ကိုနှိပ်ပြီး googletalk ကိုရွေးပေး open အဲဒီနောက် Run box တစ်ခုကျလာရင် "always ask before..."အမှတ်ခြစ် အစိမ်းလေး ကိုနှိပ်ပေးပြီး Run ကိုနှိပ်လိုက်ပါ ဒါဆို အမြဲတမ်းသုံးလို့ရသွားပါပြီ အဆင်မပြေရင် ကွန်မန်း ကိုနှိပ်ပြီး ရေးပေးပါ ...။

ဒီမှာဒေါင်းပါ


http://cdn.ndtv.com/tech/images/gtalk-logo.jpg 
အားလုံးပဲ အဆင်ပြေကြပါစေ.....ဗျာ။

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers