Tuesday 24 September 2013

Pen drive/Memory Card ထဲက Shortcut Virus ဖြေရှင်းရန်


ကျွန်တော် အခုတလော ကြုံနေရတဲ့ virus လေး ရှင်း နည်းလေးပါ ... သူ က ဘာလုပ်လိုက်လဲ ဆိုတော့ ကိုယ့်ရဲ့ pen drive တွေ ထဲမှာရှိတဲ့ ဖိုင်တွေ ကို shortcut လုပ်ပြီးတော့ hide လုပ်ပစ်လိုက်တာ ပါ ... အဲ့လိုမျိုးဆိုရင် ကိုယ်က ဖွင့်လို့လည်း မရ ... မြင်နေရတာကလည်း shortcut ... ပြီး ကိုယ့်ရဲ့ drive ထဲမှာလည်း data က ရှိတယ်ဆိုပြီးတော့ နေရာ ယူထားတယ် ... Antivirus နဲ့ စစ်ပြန်တော့လည်း မတွေ့ရပြန် ... အတော် စိတ်ရှုပ်လာရတယ် ဗျ ... နောက်တော့ကျတော့ ပြန်ကူးမယ်ကွာ ဆိုပြီးတော့ format ရိုက်ပလိုက်တယ် ... ပြီးရော .... အဲ့တော့ ပြန်ထည့်ရတော့ ပင်ပန်းတာပေါ့ ... :D အဲ့လိုမျိုး မလုပ်ရအောင်ပါ ... အခု လုပ်မယ့်ဟာက Antivirus လည်းမလိုပါဘူး ... ကဲ ခု စပြီးတော့ လုပ်ကြည့်ရအောင်ပါ ....

ပထမဆုံး ကိုယ့်ရဲ့ Pen drive ကို ကွန်ပျူတာမှာ တပ်ထားလိုက်ပါ ...

ပြီးရင်တော့ cmd ကို ခေါ်ရမှာပါ ... ( window key + r ) ဆို တွဲနှိပ်လိုက်ရင် Run box ပေါ်လာပါလိမ့်မယ်

ပြီးရင်တော့ cmd ဆို ရိုက်ပြီးတော့ enter ပေးလိုက်ပါ ... အဲ့ဒီ့မှာ Cmd ပေါ်လာပါလိမ့်မယ် ....

ပေါ်လာရင် အဲ့ဒီ့မယ် ကိုယ့် ရဲ့ drive letter ကို ရိုက်ပေးရပါ့မယ် ...

ဥပမာ => ကိုယ့်ရဲ့ drive က g ဆိုရင် g: ဆိုရေးပြီးတော့ ရိုက်လိုက်ပါ ...  အဲ့လို ရိုက်လိုက်ရင် သူ့ရဲ့ path လမ်းကြောင်း က ပြောင်းသွားပါလိ့မ်မယ် ..  သူ့ရဲ့ command line မှာ G:\> ဆိုပြီးတော့ ဖြစ်သွားပါလိမ့်မယ် ...

ဖြစ်သွားပြီဆိုရင် del *.lnk ဆိုပြီးတော့ ရိုက်လိုက်ပါ ... အဲ့ဒါဆိုရင် သူ့အထဲက shortcut ဖြစ်နေတာတွေ အကုန်လုံး ပျောက်သွားပါလိမ့်မယ် ...

ရိုက်ပြီးသွားပြီဆိုရင်တော့ attrib -s -r -h *.* /s /d /l ဆိုပြီးတော့ ထပ်ရိုက်လိုက်ပါ ...


အဲ့ဒီ့လို ရိုက်ပြီးသွားရင်တော့ ခဏစောင့်လိုက်ပါ .... ခဏနေရင်  ပျောက်နေတဲ့ ဖိုင်တွေ အကုန်လုံး ပြန်မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ....

အားလုံးအဆင်ပြေပါစေ....

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers