Thursday 26 September 2013

Computer software and programming အကြောင်းများ (Basic)

ယခုနေ့ ခေတ်မှာ အိုင်တီ နည်းပညာဟာ နယ်ပယ်ရပ်အသီးသီးကို မရှိမဖြစ်ပံ့ပိုးကူညီပေးနေတဲ့ နည်းပညာရပ်တခုဆိုတာ မည်သူမှ မငြင်းနိုင်တော့ပါဘူး။ ဒါကိုလည်းလက်ခံယုံကြည်လာကျပြီဖြစ်ပါတယ်။ အိုင်တီနည်းပညာရဲ့ ဖွံဖြိုးတိုတက်မှု အရှိန်ဟာ အရမ်းကိုမြန်ဆန်လွန်းပြီ လူသားတွေကိုလည်း အစစအရာရာကို လွယ်ကူသက်သာစေဖို့ အတွက် ကူညီလာနေပါပြီ။ လူငယ်အတော်များများဟာ လည်းအိုင်တီကို စိတ်ဝင်စားမှုများလာသလို လေ့လာမှုများလာကျပါတယ်။ ကွန်ပျုတာ ကျောင်းသားများစွာကိုလည်း ကွန်ပျုတာကျောင်းတော်ကြီးကနေ နှစ်စဉ်မွေးထုတ်နေပါတယ်။ သူတို့ ဟာ ကွန်ပျုတာသိပ္ပံကျောင်းသားတွေပါ ..အဲကနေဘွဲ့ ရလာတဲ့ ကွန်ပျုတာသိပ္ပံပညာရှင်တွေဟာ ဘာကြောင့် programmer လိုင်းဘက်ကို ပိုမို ကူးပြောင်းလာကျတယ်ဆိုတာ များစွာသောအချက်တွေပေါ်မှာ မူတည်ကောင်းမူတည်နေပါမယ် ။ ကျနော် ဒီအကြောင်းရာတွေမပြောလိုတော့ပါ။။ ခုကျနော်ပြောချင်တာ အချို့ တွေ မေးမေးနေကျလို့ ပါ။
Software Engineering ဆိုတာ ဘာလဲ ? ပြီးတော့ Software Engineering နဲ့  ကွန်ပျုတာ Science နဲ့ ဘာကွာလဲဆိုတဲ့ မေးခွန်းမျိုး ရမ်းအမေးခံရပါတယ်။
What is Different between software Engineering and computer Science?
ဟုတ်ကဲ့ ကျနော်ကတော့ ဒီလိုနားလည်ပါတယ်။ Computer သိပ္ပံဆိုတဲ့ ဘာသာရပ် ကြီးရဲ့ အောက်မှာ Network Engineering, Software Engineering , Database Management System Administration စတဲ့ဘာသာရပ်တွေ ရှိပါတယ်.ကွန်ပျုတာ သိပ္ပံကိုလေ့လာမယ်ဆိုရင် တော့ အဆိုပါဘာသာရပ်များ အားလုံးကိုအခြေပြု theory and fundamentals ကိုလေ့လာရမှာဖြစ်ပြီး academic education ဆန်ပါတယ်။ Software Engineering ဟာ Computer Science အောက်က ဘာသာရပ်တခုဖြစ်ပြီး Developing လုပ်ငန်းတွေကို လက်တွေ့ ပိုင်းအားဖြင့်အများစုလေ့လာကျရပါတယ်။

ဒီလို လက်တွေ့ လုပ်ရာမှာ delivering useful software များကိုအသုံးပြုပြီးတော့ လက်တွေ့ ပိုင်းပိုဆန်ပါတယ်။ Delivering useful software ဆိုတာကတော့ application တခုရဖို့ အသုံးပြုရတဲ့ OS ဒါမှမဟုတ် အဲ application တခုရဖို့ အသုံးပြုရတဲ့ ဆော့ဝဲလ်ပါ။။ ဥပမာအားဖြင့် Java language software နဲ့ application တခုရေးသလိုပေါ့ အဲလိုမျိုးပါပဲ Java ဟာ Delivering useful software ပဲပေါ့.။ SE တရောက်ဟာ Computer Science ရဲ့  theory ပိုင်းဆိုင်ရာ ဗဟုသုတများလည်းရှိထားရမှာပါ။ Electrical Engineer တယောက် ဟာ Physics ဘာသာရပ်ရဲ့ concept ကိုသိရမှာဖြစ်သလိုပေါ့။။ SE ဟာ Computer Science ရဲ့ အောက်က ဘာသာရပ်တခုဖြစ်တယ်လို့ နားလည်ထားလို့ ရပါတယ်။
ဒါဆို Software Engineering လေ့လာတာဟုတ်ပါပြီ။။ Software Engineering ဆိုတာ ဘာတွေလုပ်တာလဲပေါ့??
What is Software Engineering ?
Engineering ဆိုတဲ့လုပ်ငန်းရဲ့  အဓိကရည်ရွယ်ချက်က တခုခု ကို တည်ဆောက်ဖို့ ပဲ ဖြစ်ပါတယ်။ မြို့ ပြအင်ဂျင်နီယာက တံတားတွေ စတာတွေဆောက်တည်ဆောက်တယ်၊ လေကြောင်းနှင့် အာကာသ Engineer က လေယဉ်ပျံတွေတည်ဆောက်တယ်၊ လျှပ်စစ် အင်ဂျင်နီယာက circuit တည်ဆောက်ပါတယ် ။ Software Engineering တွေကတော့ Software application သို့ မဟုတ် Software system တွေကိုတည်ဆောက် ထုတ်လုပ်ကျပါတယ်။ ခု ကျနော်တို့ လေ့လာမယ့် Software Engineering ဆိုတဲ့ဘာသာရပ်ဟာ ကျနော်တို့ လိုချင်တဲ့ Product ရဖို့ လာဖို့ အတွက် ဘယ်လို လုပ်ငန်းစဉ်တွေ ဘာနည်းဥပဒေတွေကိုလိုက်နာရမယ် ဆိုတာတွေကိုလေ့လာမှာဖြစ်ပါတယ်။ Product ကောင်းတခုထွက်ဖို့ အတွက် Process ကောင်းတခုရွေးချယ် တက်ဖို့ ကအရေးကြီးတာကိုး ..။ ဒီနည်း ဥပဒေတွေဟာ အများအားဖြင့် logical thinking ကနေ ထွက်ပေါ်လာတဲ့ abstract statements ဖော်ပြချက် တွေပါပဲ။ ဒါဟာ methodology တခုကိုလေ့လာတာပါပဲ။ Methodology ဆိုတာ နည်းစနစ် (method) နှင့် နည်းပညာ (technique) ကို အတူတကွပေါင်းစပ်ထားတာပဲဖြင့်ပါတယ်။ Methodology ဟာ ပျက်သနာတရပ်ကို ဖြေရှင်းဖို့ ရာ နည်းလမ်း( to solving a problem)ပဲဖြစ်ပါတယ်။ အရှင်းလင်းဆုံး မြင်သာတဲ့ ဥပမာပေးရရင်တော့ ကျနော်တို့ ထမင်းစားတဲ့ ကိစ္စလေးကိုကြည့်ရအောင် ။။ ထမင်းစားဆိုတဲ့နေရမှာ ဘယ်လိုစားမလဲ ? လက်နဲ့ စားမလား ၊ ဇွန်းခရင်းနဲ့ စားမလား သို့ မဟုတ် တူနဲ့ စားမလား ဒါတွေဟာ ထမင်းစာဖို့ အတွက် နည်းလမ်း (Method) တွေပဲဖြစ်ပါတယ် ။ အယ်လိုစားတဲ့ အခါမှာ လက် နဲ့  စားပုံ စားနည်း ၊ ဇွန်းခရင်းနဲ့ စားပုံစားနည်း တူနှင့် စားပုံစားနည်းတွေဟာ (technique) တွေပဲဖြစ်ပါတယ်။ အလားတူ ဥပမာအားဖြင့် Mandalay ကိုသွားမယ်ဆိုရင် ကားနဲ့ သွားမလား ၊ ရထားနဲ့ သွားမလား ၊ လေယဉ်နဲ့ သွားမလား ၀ါသနာပါလို့ လမ်းလျှောက်သွားမလား ဖြေရှင်းနိုင်တဲ့ နည်းလမ်းတေအမျိုးမျိုးရှိပါတယ်။ ဒီလို ကိစ္စတရပ် problem တရပ်ကိုဖြေရှင်းရာမှာ နည်းလမ်းတွေအမျိုမျိုးရှိပေမယ့် ကျနော်တို့ နဲ့ ကာလံဒေသံ နဲ့ ကိုက်ညီမယ့် အကိုက်ဖက်ဆုံး၊ အလွယ်ဆုံး၊ အကောင်းဆုံး နည်းလမ်း (method) ကိုရွေးချယ်လုပ်ဆောင်ရမှာပါ။ ပြီးတော့မှ ကိုရွေးချယ်တဲ့ နည်းလမ်းရဲ့  နည်းစနစ်ကိုသုံးပြုပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဇွန်းခရင်း နဲ့ စားမယ့် Method ကိုရွေးချယ်ခဲ့ရင် ဇွန်းခရင်းနဲ့ စားပုံစားနည်း ဆိုတဲ့ (technique) ဖြင့်လုပ်ဆောင်ဖြေရှင်းရမှာပေါ့။ Methodology တော်တော်များများကို software tools တော်တော်များများက အထောက်ပံ့လုပ်ပါတယ်။Methodology ဟာ အစီစဉ်တခုကို အစီစဉ်တကျဖြေရှင်းလို့ Programming ပါပဲ။

What is Software ?
Computer Software ဆိုတာ Software Engineer က တီထွင်ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တခုပဲဖြစ်ပါတယ်။ သူမှာ Program နဲ့  document တို့  ၂ခုပေါင်းကိုခေါ်တာပါ ။။ ဆော့ဝဲတခုဝယ်မယ်ဆိုရင် သူနှင့်ဆက်တိုင်တဲ့ document များပါသလို Program တွေလည်းပါဝင်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ calculator တခုသွာဝယ်ရင်တောင် calculator တခုနဲ့ အတူ catalog တခုပါတာသတိထားမိကျမယ်ထင်ပါတယ်။ ဒီနေရာမှာ program ဆိုတာကိုသထားဖို့ လိုပါပြီ။
What is program ?
Program ဆိုတာဘာလဲပေါ့ မေးစရာရှိလာပြီလေ။ Program ဆိုတာက လုပ်ငန်းစဉ်တခုကိုလုပ်ဖို့ အတွက် လုပ်ဆောင်မည့်အစီစဉ်တခုပါပဲ။ ကျနော်တို့ အားလုံးဟာ နေ့ စဉ် Programming လုပ်နေကျပါတယ် ။ဒါကြောင့် ကျနော်တို့ အားလုံးဟာ Programmer တွေပါ။ ကျနော့်ရဲ့ အမေရော အဖေဟာလဲ Programmer တွေပါပဲ ။မရယ်ပါနဲ့ တကယ်ပြောတာပါ ဒါပေမယ့် ကွန်ပျုတာ ပရိုဂရမ်မာ မဟုတ်တာပဲရှိပါတယ်။ မေမေဟာ ကျနော်တို့ ကို မနက်မိုးလင်းတာနဲ့  ထမင်းဟင်းချက်ပြုတ် ဖို့ ဘာနဲ့ ဘာချက်ရင်ကောင်းမယ်ဘယ်လို ချက်မယ် Program တွေဆွဲပါတယ်။ ဖေဖေဟာလည်း ရုံးကို သွားဖို့ အတွက် အစီစဉ်တွေ ဆွဲပါတယ်။ ဥပမာဗျာ သူငယ်ချင်း အပြင်သွားမယ့် ကိစ္စတခုမှာ ဆိုရင် ဘယ်ချိန်သွားမယ် ဘာအင်္ကျီဝတ်သွားမယ် ဘာသုနဲ့ တွေမယ် စတွေကို စီစဉ်ဆောင်ရွက်ရတာပါ။ ကိုယ်လုပ်မယ့် အစီစဉ်တခုကို ကိုယ့်ရဲ့ အစီစဉ်လေးတွေနဲ့ လုပ်ဆောင်နေကျတာ ကိုယ့်ဖာသာကိုသတိမထားမိဖြစ်နေတာပါ။။ ဒါမျိုး ကိုလုပ်နေကျ program တွေကိုစနစ်တကျ နဲ့ သေချာ program
အတိုင်းလိုက်နာဆောင်ရွက်မယ်ဆို သူငယ်ချင်းလိုချင်တဲ့ product ရမယ်လို့ ပြောရဲပါတယ်။။ Program တခုမှာ မမျှော်လင့်ပဲ ပြောင်းလဲ နိုင်တဲ့ အချက်တွေရှိတက်လို့ ကြိုတင်တွက်ချက်သင့်တာတွေရှိပါတယ် ။ ဥပမာ ကျနော်ပေါ့ ကျောင်းသွားတဲ့အခါ ကျောင်းက ၇း၀၀ နာရီစတင်ရင် ကျနော်က အချိန်ကိုတွက်ပြီး အတိကျလုပ်လေ့ရှိပါတယ် ။။ဒါပေမယ့် ကားမလာလို့ စောင့်ရတာနဲ့  မီးပွိုင့်မိတာ နဲ့  ကျနော်ရဲ့  ကျောင်းသွားမယ့် program လေးဟာ နှောင့်နေးကျန့် ကြာမှုတွေရှိပါတယ် . ဒီလို အတွက် ကျနော် ရဲ့  Program ထဲ ကိုထည့်သွင်းစဉ်းစားထားခဲ့မယ်ဆို ကျနော် ကျောင်းနောက်ကျမှာမဟုတ်ပါဘူး (ခုထိတော့ နောက်ကျဆဲပဲ ..အိပ်ယာထပြင်းလို့ ပါ :D ) ..
What is a Computer Program ?
Computer Program ဆိုတာက ကျနော်ကတော့ ဒီလို ပဲ အဓိပ္ပါယ်ဖွင့်လိုက်ပါတယ် “အမိန့် စာ” လို့ .။ ကျနော်တို့ ကွန်ပျုတာရဲ့  ဗဟိုစနစ် ဖြစ်တဲ့ CPU ဟာ ကျနော်တို့ ရေးပေးလိုက်တဲ့ Program တွေကို သူကဖတ်ပြီး လုပ်ဆောင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ခိုင်းတဲ့အတိုင်းလုပ်ဆောင်နေတာပါ ဒါကြောင့် ကျနော်က အမိန့် စာလို့  လူပိန်းနည်းနဲ့ အဓိပ္ပါယ်ဖွင့်လိုက်တာပါ။ ကျနော်တို့ ဖြစ်ချင်တဲ့ ဖြစ်ရပ်တခုကို ဘာပြီးရင် ဘာလုပ်မယ် ဘယ်လိုတွေလုပ်ဆောင်ရမယ်ဆိုတာကို စီစဉ်တကျရေးဆွဲထားတဲ့ instruction တွေစုစည်းထားတာ ဟာ program ပါပဲ။ ဥပမာ ကျနော်က program လေးတခုရေးမယ်ဆိုပါဆို ကွန်ပျုတာဟာ သူသိတာ 0 နဲ့  1 ပဲဖြစ်ပါတယ် သူဟာ ကျနော်တို့ ခိုင်းတာပဲလုပ်မှာပါ.။ ကျနော်က ၁ နဲ့ ၂ ကိုပေါင်းပါ ပြီး ရင် ရတဲ့ အဖြေကိုပြပါလို့ ကျနော် ရေးသားလိုက်ပါတယ်။။ ဒီအမိန့် စာကို CPU ကကြည့်ပြီး သူလုပ်ဆောင်ရမယ့် excute ကိုလုပ်ဆောင်ပေးပါတယ်။။ ပြီရင် result ပြပါတယ် ။
What is a Programming Language ?
ကျနော်တို့ Program တွေရေးသား ဖို့ Programming Language တွေသုံးပါတယ်။ ဘာကြောင့်သုံးရလည်းဆိုတော့ရှင်းပါတယ် ကွန်ပျုတာက သူသိတာ 0 and 1 ပါ။ ကျနော်တို့ က သူကိုခိုင်းဖို့ အတွက် 0 1 တွေ မှတ်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့်ကျနော်တို့ နဲ့ ကွန်ပျုတာ နားလည်ဖို့ ဒီထက်နဲနဲ မှတ်သားရလွယ်တဲ့ ဘာသာစကားတခုနဲ့ ဆက်သွယ်ကျတာပါ.။ ကျနော်တို့ ရေးတဲ့ နဲနဲ အဆင့်မြင့်တဲ့ language ကို ကွန်ပျုတာ တိုက်ရိုက်နားမလည်တဲ့အတွက် compiler, interpreter တွေက ဘာသာပြန်ပြီးမှ ကွန်ပျုတာနားလည်တဲ့ 01 တွေ ပေးလိုက်ပါတယ်။
  Software မှာ အဓိကအားဖြင့် အမျိုးစာ ၂ မျိုးခွဲခြားနိုင်ပါတယ်။
၁။ Operating System Software (OS) ရယ်
၂။ Application Software တို့ ပါပဲ။
Operating System ဆိုတာနဲ့ လူအများစုဟာ window ဆိုပြီး တန်းသိကျပါတယ်။ ဒါဟာ လူသုံးများလို့ ပါ Microsoft platform ကအောင်မြင်မှုကြောင့်ပါပဲ။ အခြား Operating system တွေလည်းရှိပါသေးတယ် Linux platform မှာဆို  ( Fedora,Ubuntu..etc) တွေ Solaris and Macintosh (OS X) ။။ Operating System ကို ထပ်ပြီး ၂ မျိုးခွဲလို့ ရပါသေးတယ် ။

DOS ( Desktop Operating System eg; Window XP, Window Vista , Window 7, Ubuntu စတာတွေပါ။ ) နောက်ပြီတော့
>NOS (Network Operating System eg; Window 2003 Sever စတဲ့ Network control ကိုလုပ်ဆောင်ပေးမယ့်  OS တွေပေါ့။
Application Software တွေကတော့ ကျနော်တို့ သုံးနေတဲ့ Microsoft word တို့ Excle တို့  Photoshop စတာတွေ ဟာ application software တွေပါပဲ .. ယခုနောက်ပိုင်းမှာတော့ Web application တွေဟာ Desktop application တွေရဲ့ နေရာအတော်များများကိုစိန်ခေါ်နေပါပြီ .Google ကလည်း outlook express လို mail application system တခုမလိုအပ်တဲ့အထိ သုံးလို့ ရအောင် ထုတ်လုပ်လာခဲ့ပါတယ် နောက်ပိုင်းမှာ web application တွေနေရာယူလာပါလိမ့်မယ် graphic
အရမ်းသုံးရတဲ့ photo editing လိုမျိုး Game အကြီးစာ software တွေသာ ကျန်ခဲ့ ဖို့ ရှိပြီး အတော်အသင့်ကွန်နက်ရှင်ပေါ်မှာ သုံးလို့ ရတာတွေ web ပေါ်မှာပဲ သုံးကျတော့မှာပါ။ အကျိုးမြတ်ကတော့ ကို့ မှာ browser တခုရှိယုံမျှနှင့် သင်ဟာ web application တွေကိုသုံးနိုင်ပြီမဟုတ်လား ။။ အခြား application တွေလို hard ware တွေ စဉ်းစားရတာ installation အတွက် OS type တွေကိုစဉ်းစားရတာမလိုတော့ဘူးလေ ။ window မှာသုံးတာ Linux မှာ မ run တာတွေ တွေးနေ ဖို့ ကိုမလိုတော့ဘူးပေါ့ ။
Software တွေကိုအကြမ်းအားဖြင့် role ခွဲမယ် ဆို ၂ ခုခွဲလို့ ရပါတယ် Dual Role ပေါ့..
1. As a Product
2. As a vehicle used to deliver the product ဆိုပြီးတော့ပေါ့
As a Product ဆိုတာမျိုးက ကျနော်တို့  language တခုခုနဲ့ ရေးပြီး ရလာတဲ့ software ပေါ့ ကျနော်တို့ လိုချင်တဲ့ Product software ပေါ့။
As a vehicle used to deliver the product ဆိုတာက ကျနော်တို့ လိုချင်တဲ့ software ကို၇ဖို့ အသုံးပြုရတာတွေရှိတယ်လေ ဘယ် Operating System software( windows platform မှာရေးမလား Linux platform မှာရေးမလားပေါ့) ပေါ်မှာ ဘာ language(Java နဲ့ လား C#.net နဲ့ လားပေါ့) နဲ့ ရေးမလားပေါ့ ။ ကျနော် ပထမ အပေါ်မှာရှင်းပြခဲ့တဲ့ Methodology ထဲက technique တွေကိုပြောတပါ မန္တလေးကိုသွားတဲ့ ကိစ္စမှာပေါ့ Mandalay ဆိုတာကိုရောက်ဖို့ အသုံးပြုရတဲ့ အရာတွေ ကားနဲ့ သွားရင် ကား ပေါ့ ။ ဒီလို မျိုးကိုပြောတာပါ။
နောက်ပြီး ဆော့ဝဲလ်တွေရေးသားထုပ်လုပ်ရာမှာ ရည်၇ွယ်ချက် ၂ မျိုးနဲ့ ထုတ်လုပ်ကျရပါတယ်။
1. Generic products လား
2. Customized Products လားဆိုပြီး ထုတ်လုပ်ရေးသားပါတယ် ။
Generic products
ကျနော်တို့ သုံးနေတဲ့ OS တွေဟာ Generic product တွေပါ လူတိုင်းသုံးဖို့  market ကို ဖြန့် ချီ ဖို့ ရေးသားထားတာဖြစ်ပါတယ် Microsoft word လူတိုင်းသုံးဖို့  ရေးသားထားတာပါ။ ဒါကိုသုံတဲ့အတွက် customer ဟာ သူရဲ့ လုပ်ငန်းစဉ်မှာ ဒီဆော့ဝဲ ဟာသူ့ ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမယ် ။။ သုံးလို့ တော့အဆင်ပြေနေမယ် သူရဲ့ လုပ်ငန်းအတွက်သီးသန့် ရေးထားတာမဟုတ်ပဲ အများသုံးလို့ ရအောင် အဆင်ပြေအောင်ေ၇းသားထားပေးတဲ့ software ဖြစ်တဲ့အတွက် လူတိုင်းနဲ့ တော့မကိုက်ညီနိုင်ပါဘူး ဒါပေမယ့်လူ တိုင်းတော့သုံးလို့ ရပါတယ်။
Customized Software ဆိုတာကတော့ အထက်ကပြောသလိုပေါ့ Customer ဟာ သူ့ လုပ်ငန်းမှာ MS word လို Excel လို အများသုံးအတွက်မကိုက်ညီတဲ့အခါ သူလုပ်ငန်းအတွက်သီးသန့် လိုအပ်တဲ့ Software မျိုးသီးသန့် လိုအပ်လာပါပြီ ။ ဥပမာ City mart လို နေရာမျိုးမှာ သူတို့ ရဲ့ လုပ်ငန်းကို MS word , Excel နဲ့ အစဉ်ပြေဖို့ မရှိတဲ့အတွက် သူတို့ ဟာ သူတို့ လုပ်ငန်းအတွက် သီးသန့် software တွေသုံးကျပါတယ် ။ ဒီလို သီးသန့် Customer လိုအပ်ချက်ကိုလိုက်ပြီး particular customer သီးသန့် ရေးသားပေးရတာမျိုးကို Customized Software တွေဆိုပြီး ဆိုနိုင်ပါတယ်။။
ှအထက်မှာဖော်ပြခဲ့တဲ့ Software types များဟာ အကြမ်းအားဖြင့် ဖော်ပြထားတာဖြင့်ပြီး နောက်ရေးမယ့် Article မှာ Software type များကို နဲနဲ အသေးစိတ်ရေးဖို့ စိတ်ကူးထားမိပါတယ် ..
တစ်ဆင့် share ထားခြင်းဖြစ်ပါတယ်.....

1 comment:

  1. PDFဖိုင်လေးထုတ်ပေးပါလား

    ReplyDelete

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers