Thursday 12 September 2013

Autorun viruses တွေကို ကာကွယ်ဖို့ အတွက် Commond Prompt

တချို့ဆိုဒ်တွေမှာ virus လုပ်နည်းတွေအမျိုးမျိုးနဲ့ virus တွေကလဲ နည်းအမျိုးမျိုးနဲ့ ပျံ့နှံ့နေပါဘီ...အဲဒါတွေထဲကမ USB Auto Run မှ Virus အကြောင်းလေးကာကွယ်ရန်ပြောချင်ပါတယ်.....
ကျွန်တော်တို့တွေဟာ မိမိတို့ရဲ့ ကွန်ပျူတာမှာ USB Drive မှတစ်ဆင့် Autorun Virus တွေမ၀င်ရောက်နိုင် ဖို့အတွက် USB Disk Security လိုမျိုး Software မျိုးတွေကို အသုံးပြုပြီး ကာကွယ် တက်ကြပါတယ် .. ဒါပေမယ့် မိမိတို့ရဲ့ စက်ကို Autorun.inf Virus ၀င်ရောက်သွားပြီး Virus ကနေ မိမိတို့ကွန်ပျူတာရဲ့ System ပိုင်းတွေကို ဖျက်စီး လိုက်ပြီး မိမိတို့ ကွန်ပျူတာမှာ တင်ထားတဲ့ Antivirus Software တွေကလည်း အလုပ်မလုပ် တော့တဲ့ အခါမှာ .. ရှိပြီးသားကို ဖြုတ်ပြီး အသစ်ပြန်တင်တဲ့ အခါမှာလည်း လက်မခံတော့ ဘူးဆိုရင် Autorun.inf နဲ့တစ်ခြား Autorun viruses တွေကို သတ်ဖို့ အတွက် Commond Prompt ကိုအသုံးပြုတဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် ..
အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Commond Prompt လေးပေါ်လာပါလိမ့်မယ် ..ပြီးရင်တော့ ကျွန်တော် အောက်မှာ ပြောထားတဲ့ အဆင့်လေးတွေ အတိုင်း ရိုက်ထည့်ပေးသွားပါ ..
၁။အရင်ဆုံး cd\ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..
၂။ပီးရင် attrib -h -r -s autorun.inf ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင်တော့ Autorun.inf virus ကို Drive C : ကနေစပြီး ရှာပေးသွားမှာ ဖြစ်ပါတယ် ..
၃။ ပြီးရင်တော့ del autorun.inf ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် Autorun.inf virus ကို Delete လုပ်ပေး သွားပါလိမ့်မယ် ..
၎။ ပြီးရင်တော့ တစ်ခြား Drive တွေ အားလုံးကို တစ်ခုချင်းစီ ရိုက်ထည့်ပြီး စစ်ပေးလိုက်ပါ .. ဥပမာ d: လို့ရိုက်ထည့်ပြီး D:\> လို့ပေါ်လာပြီဆို ရင် အပေါ်ကအဆင့်အတိုင်း attrib -h -r -s autorun.inf ကိုရိုက် ထည့်ပြီး စစ်ပေးလိုက်ပါ .. မိမိတို့ Computer မှာရှိတဲ့ Drive တွေ အားလုံးကို စစ်ပြီးပြီ ဆိုရင်တော့ စက်ကို Restart ချပေးလိုက်ယုံပါပဲ ..

ဒီလောက်ဆိုရင်တော့ အားလုံးပဲ မိမိတို့ စက်မှာ အခုလိုမျိုး ကြုံလာခဲ့မယ် ဆိုရင် ဖြေရှင်း တက်သွား လိမ့်မယ်လို့ ထင်ပါတယ် ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ...

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers