Tuesday 21 January 2014

လွတ်လပ်ပြီး ...မြန်မာပြည်

ငါတို့ တွေ လွတ်လပ်ခဲ့ ပြီး............
ကောင်းကင်အလယ်မှာ
ကြယ်ဖြူတစ်ပွင့် မားမားမတ်မတ်ရပ်တည်ဖို့ 
တောင်ပေါ်၊ မြေပြန့် တိုင်းရင်သားအားလုံးရဲ့ 
စည်းလုံးညီညွတ်အားနဲ့  တည်ဆောက်ခဲ့ ပြီး

ဒီကြယ်ပွင့်ထဲ နေသူတွေကား...........
ဗုဒ္ဓဆုံးမမူတွေနဲ့ အညီ
ကျင့်ကြံနေထိုင်ပြီး
ယဉ်ကျေးမူအစဉ်အလာ ကြီးမားတဲ့ သူတွေပေါ့

သူတို့က...............
ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေမူ
ကိုယ်ပိုင်အနုသုခမ အသီးသီးရှိကြပြီး
အချင်းအချင်း လေးစားအားထားကြတယ်

သူတို့ ဟာ............
ကိုယ်ဘာသာ ကိုယ်လူမျိုး
ကိုယ်ပိုင်ဆိုင်သည့် လွတ်လပ်ရေးကို
ထိပါးနှောက်ယှက် ၀င်စွက်ဖက်ရင်
အထိမခံ ပြန်တွန်းလှန်သည့် သွေးကြီးတဲ့ သူတွေပေါ့။ ။

မောင်လမင်းအောင်
(4.1.2014)

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers