Friday 30 August 2013

Facebook comment တွင် တိုက်ရိုက် reply ပြုလုပ်ခြင်း

Facebook တွင် comment တစ်ခုချင်းစီကို တိုက်ရိုက် reply ပြန်ရေးပေးနိုင်တဲ့ feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ မိမိတင်ထားသော အကြောင်းအရာ သို့မဟုတ် အခြားသူများ၏ အကြောင်းအရာများတွင် ယခင်က comment တစ်ခုကို reply လုပ်လိုပါက ပထမ comment ပေးခဲ့သူ၏ pofile link ကိုထည့်သွင်း၍ ဖြစ်စေ၊ နာမည်တိုက်ရိုက်ရေး၍ ဖြစ်စေ ယခင် comment ၏ အောက်မှ comment တစ်ခုထပ်ရေးပေးခြင်းဖြင့် reply လုပ်ပေးခဲ့ကြရပါတယ်။ Blog comment များကဲ့သို့ comment တစ်ခုကို တိုက်ရိုက် reply ပြုလုပ်နိုင်ရန် facebook မှ reply ဟူသည့် option ကို ထပ်မံထည့်သွင်းပေးပြီး၊ တိုက်ရိုက် အမေးအဖြေသဘော မျိုး ပြုလုပ်လာနိုင်ပြီဖြစ်ပါတယ်။ Reply option ကို comment ၏ အောက် Like ၏ ညာဘက်ဘေးနားတွင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ Page တစ်ခုအတွက် တိုက်ရိုက် reply option ကိုအသုံးပြုနိုင်ရန် Admin panel ၏ အောက်နားတွင် ပြသပေးထားသော demo animation နေရာတွင် အောက်ပါပုံတွင်ပြထားသည့်အတိုင်း Turn on Replies ကို click နှိပ်ပေးရမှာဖြစ်ပါတယ်။

                          
      အားနဲနေသေးသည့်အချက်ကတော့ ပထမဆုံး ပေးထားသည့် comment တွင်သာ reply option ပါဝင်နေပြီး၊ reply ပြန်လည်ပြုလုပ်ထားသော comment များတွင်မူ ထပ်မံ၍ replyoptionမပါဝင်တော့ခြင်းပင်ဖြစ်ပါတယ်။ http://www.spaatspringfield.com/Images/logo_facebook.jpg
မသိသေးသူများအတွက်ရည်ရွယ်ပါသည်...။

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers