Wednesday 23 October 2013

မြန်မာပြည်..မင်းကိုပုံဖော်ပေးမဲ့ အရာတွေ

မိုးပေါ်ကို မော့ကြည်လိုက်စမ်း....ကောင်းကင်ပြင်အကျယ်ကြီး
လက်နှစ်ဖက်ကိုဆန့် တန်း...လေပြေတွေရူလိုက်စမ်း..လေထုအလုံအလောက်ရှိတယ်
ရေပိုင်နက်ကိုမှန်းကြည့်စမ်း......လုံလုံလောက်လောက်မင်းသုံးလောက်တယ်
ကျောင်းတက်ခေါင်းလောင်းသံတွေကိုနားထောင်းစမ်း....မင်းအနာဂတ်ကိုပုံဖော်ပေးမဲ့ သူတွေရှိတယ်
အို...ဒါနဲ့  မြန်မြာ့ပည်
မင်းဘာကြောင့်သစ်ပင်ကိုခုတ်ရောင်းလိုသနည်း
မင်းဘာကြောင့်တောင်ကိုလြဲဖြို မြေကိုဖောက်လိုသနည်း
မင်းဘာကြောင့် ရေလွှာကိုခွဲ ကျဲလိုသနည်း
မင်းဘာကြောင့် ခေါင်းလောင်သံကြားပုံဖော်ပေးမဲ့  အနာဂတ်သားလောင်းများကို ပြည်ပသို့ စီးမျောစေသနည်း..။
ဒီမယ်...မြန်မာပြည်
သစ်တောကိုဖြုန်းရေကိုဆုံးမယ် သန့် စင်တဲ့ လေဘယ်ရနိုင်မလဲ
တောင်ကိုဖြိုဖြတ် မင်းအတွက်ကာကွယ်မဲ့ သူ ဘယ်ရှိလေမလဲ
မြေကိုဖောက်တွင်း မင်းရင်တွင်းကိုဘယ်သူခိုဝင်နားခိုလိမ့်မလဲ
ခေါင်းလောင်းသံတိတ် ကျောင်းတွေပိတ်တော့ မင်းကိုဘယ်သူပြုပြင်လိမ့်မလဲ..။
ဒါကြောင့်..မြန်မာပြည်
ရူးမိုက်တဲ့ မင်းအတွေးကိုခေါင်းထဲကထုတ်လိုက်ပါ
စိမ်းလန်းစိုပြေတဲ့  သစ်တောများနေရာအနှံဖန်းတီးပါ
ရေအရင်းအမြစ်ကိုအကောင်းဆုံးအသုံးချ
လုပ်အားတွေကိုပြည်ပ စီးမျောခြင်းမှကာကွယ်ပါ
မင်းကိုထာဝရပြုပြင်ပေးဖို့  ကလေးတွေကိုအထက်တန်းအထိ အခမဲ့ ထားပေးလိုက်ပါ
ဒီလိုဆို....မြန်မာပြည်
မင်းဘ၀ပြီးပြည့်စုံပြီးပေါ့...။

မောင်လမင်းအောင်

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers