Monday 10 October 2016

KENBO-E71 FRP Lock ကို Without Tools ဖြင့်ကျော်နည်း

Post မရေးဖြစ်တာလဲကြာဘီ KENBO-E71 ကို Without Tool နဲ့ FRP Lock ကျော်တဲ့နည်းလမ်းလေးပါ သိတဲ့အတိုင်းပါဘဲ ကျနော်ကတော့ Tools User သမားတွေဆိုတော့ အရင်ကတော့ရှာလိုက်တာ ဟိုမမှီ ဒီမမှီဆိုတော့ပင်ပမ်းတာပေါ့ဗျာ..ဒါလေးတော့ကျနော့်လိုအခက်ဖြစ်နေသော လောကသားညီနောင်များအားလုံးအတွက်တင်ပေးလိုက်ပါတယ် ဆရာသမားများအတွက်တော့လိုတော့ပါဘူး အမှားပါရင်တော့နားလည်နိုင်ပါစေ...

ကဲစမယ်ဗျာ.....ပထမဆုံး Account lock ကျနေတဲ့ဖုန်းလေးထဲကို SIM တစ်ကဒ်ထည့်လိုက်ပါ ထည့်လိုက်တဲ့ကဒ်ကတော့ကောင်းပါစေနော် ဘာလုပ်လဲဆိုတော့မက်ဆေ့ခ်ျပို့လို့မရမှာစိုးလို့ပါ ကဒ်ထည့်ပီးစက်ဖွင့်ထားမယ် အဲတာပီးတော့ အခြားဖုန်းတစ်လုံးကနေ မက်ဆေ့ခ်ျပို့ပေးရပါမယ်၊ Lock ကျနေတဲ့ဖုန်းထဲမှာဝင်လာတဲ့မက်ဆေ့လေးကိုဖွင့်လိုက်ပါ၊
ပီးဘီဆိုရင် ညာဘက်ထောင့်ကအပေါင်းပုံစံလေးကိုနှိပ်ပါ ဒါလောက်ဆိုလုပ်နေကျနောင်တော်တွေကတော့ပေါက်ရော့မယ် ဒါမဲ့ကျနော်တို့လို ငထူတွေကျရသေးဘူးဗျရယ် :) ဒါမဲ့နည်းနည်းကျော်လိုက်မယ်ဗျာ အောက်ကပုံအဆင့်လိုလေးရောက်အောင်သွားလိုက်
 
အဲအချိန်မယ် တစ်ခုခုထဲကိုဝင်ပီး Notification Setting ကိုဆွဲကြည့်လိုက်ပါ ကျနော်တို့လိုချင်တဲ့ Setting ထဲကနေ Security ကိုပြင်ခွင့်ရသွားပါဘီ Unknown Sources ကိုဖွင့်မယ် ပီးတာနဲ့ Factory Reset ပြန်ချမယ် ကျနော်တော့အဲလိုနဲ့အဆင်ပြေထားပါတယ် မရသေးရင်တော့အခြားအကောင့်နဲ့ဆိုင်တဲ့ application တွေဖြုတ်ချထားပီးမ reset ချဖို့လိုမယ်ထင်တယ်
 
 
ဒီလိုလေးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်  
 
 
အားလုံးအဆင်ပြေပါစေ...
 

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers