Wednesday 8 January 2014

ညဈေးတန်းက အဖြစ်လေး

မုံရွာမြို့ ရဲ့  ညဈေးတန်းလေးထဲမှာ.......
မတွေ့ ဖြစ်တာကြာသည့်သူငယ်ချင်းတစ်ဦးနှင့် ပင်လယ်စာအတူစားနေမိ၏ ။

"လမင်းအောင် လူတွေကဘာမှန်းလဲမသိဘူးနော် ထင်ရာမြင်ရာတွေရှောက်လုပ်ကြတာ"

"ဟ ဘာလဲဟ..မင်းဟာကလဲ"

"ဒီလိုလေကွာ ဟောဒီမယ်ကြည့်"  ငါးအူချောင်းကိုအချဉ်ခွက်ထဲနှစ်ရင်းပြောသည်။
 "ဆော့ဆိုတာလဲ အချဉ်ပဲ အချဉ်ဆိုတာလဲ အချဉ်ပဲလေ ဒါနဲ့ များရှည်ရှည်ရှာရှာ ဘာလို့ ဆော့ချဉ်လို့ ပြောတာတုံး အချဉ်ဆိုပြီးနေပဲလေကွာ"

"'မင်းကလဲကွာ အချဉ်ဆိုတာ အမျိုးမျိုးရှိတာဥစ္စာ မန်းကြီးချဉ်တို့  သံပရာချဉ်တို့ စသဖြင့်ကွာ အများကြီးပဲ အခု ဆော့ ဆိုတဲ့ အရာကို နောက်က အချဉ်ဆိုတာအထူးပြုထားတာတော့ လွဲစရာအကြောင်းမရှိတော့ဘူးပေါ့.. ဆော့ချဉ်လို့ ပြောလိုက်တာနဲ့  ဒါမှန်းတန်းသိတယ်လေမင်းကလဲ"

"နောက်ပြီးကွာ ဘတ္တရီ အိုးထဲထည့်တဲ့  ခဲပြားကိုလဲ ပလိတ်ပြားတဲ့  ကွာ ပလိတ်ဆိုတာလဲ အပြားပဲမို့ လား ကဲ့ မင်းဘယ်လို့ ပြောမလဲ..အင်္ဂလိပ်စကားလုံးဆိုတစ်လုံးတည်းနဲ့ ပြတ်တယ်"
ထိုမိတ်ဆွေအနေနှင့် အဲဒီအကြောင်းအရာကိုတော်တော်မကျေမနပ်ဖြစ်နေပုံရသည်၊ကြာတော့မောင်လမင်းလဲစိတ်မရှည်ချင်တော့.....

"ဒီလိုဆိုကွာ ..စုံတောမြိုင်တောဂနိုင်တော ဆိုတာကြီးကိုမင်းဘယ်လို့ ပြောမလဲ အားလုံးက တော တွေပဲမဟုတ်ဘူးလား၊ နေသူရိန် ဆိုတဲ့ နာမည်ရော မင်းပြောသလိုဆို နေနေ လို့ မှည့်တော့မှာပေါ့ စန္ဒာလမင်း ဟာအများကြီး မြန်မာစကားတွေလဲ သူအထပ်နဲ့ သူတော့ရှိတာပဲကွ မင်းကဗျာထဲက ချစ်ခြင်းမေတ္တာ ဟုတ်လား မေတ္တာဆိုတဲ ပါဠိစကားလုံးကလဲ မြန်မာလို့ ဆို ချစ်ခြင်းပဲ မဟုတ်ဘူးလား မင်းပြောသလိုဆို အဲဒီစကားလုံးမင်းဘာလို့ သုံးတုံး"

"အဲဒါကတော့ကွာ.................."

မောင်လမင်းအောင်

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers