Wednesday, 18 September 2013

Social Network တွေရော မေးလ်တွေရော ဂျီတော့ကော တစ်ခါတည်း ၀င်ပြီးအသုံးပြုရအောင်..

ပိုစ့်တွေ မတင်ဖြစ်တာ ကြာသွားလို့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်။ ခုနောက်ပိုင်း ကွန်နက်ရှင်တွေ မကောင်းတော့ အင်တာနက်သုံးရတာ အနည်းငယ်ခက်ခဲလာပါတယ်။ ဒါကြောင့် ကျတော်တို့ တတွေ မေးလ်တွေနဲ့ ဖေ့ဘုတ်၊ ဂျီတော့ တွေအားလုံးကိုတခါတည်း တပြိုင်တည်းသုံးလို့ ရမယ့် ဆိုဒ်ကလေးတစ်ခုကိုပြောပြချင်ပါတယ်။ လိပ်စာလေးကတော့ http://www.livego.com ဖြစ်ပါတယ်။ သုံးရတာ လွယ်ပါတယ်။ အောက်ကပုံလေးကိုကြည့်ပါ။

ဂျီတော့ တစ်ခုပဲ ၀င်ချင်ရင် Gtalk ဆိုတဲ့ check box ကိုပဲ On ထားရမှာဖြစ်ပြီး Gmail ပါအသုံးပြုချင်ရင်တော့ ချက်ဘောက်စ် နှစ်ခုလုံးကို အွန်ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Sign in ကို ကလစ်နှိပ်လိုက်တဲ့ အခါ Loading ဆွဲနေတာကို ခနလေးစောင့်ရပါမယ်။
ပြီးသွားရင် အောက်ကပုံလေး အတိုင်း ထွက်လာပါလိမ့်မယ်။


အခြား ဆိုဒ်တစ်ခုကနေ အသုံးပြုချင်တယ်ဆိုရင်တော့ http://karoolark.com/ ဆိုတဲ့ ဆိုဒ်ကနေလည်း အသုံးပြုလို့ ရပါတယ်။ ခုနောက်ပိုင်း ကျတော်စမ်းသုံးကြည့်တာကတော့ Live GO ဆိုဒ်က ပိုပြီးတော့ Loading မြန်တာကိုတွေ့ရပါတယ်။

ခုလိုဂျီတော့တွေ မေးလ်တွေ ၀င်လို့မလွယ်တဲ့ အချိန်မှာ အင်မတန်အသုံးဝင်တဲ့ဆိုဒ်လေးဖြစ်လို့ ပိုစ့်တပုဒ်အနေနဲ့ ရေးပြီး တင်ပေးလိုက်တာဖြစ်ပါတယ်။ အားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။ 

No comments:

Post a Comment