Friday 9 August 2013

IP Address ကြည့်ရအောင်.....

G talk မှာ ကိုယ်နဲ့ ပြောနေတဲ့ သူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့
G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ
ကြည့်လို့ ရပါတယ်နော် ။

တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီး
အသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ Setting ကို
် Click လုပ်ပြီး အရင်သွားလိုက်ပါ။
ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့
မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။
အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။


ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။
အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို

 
သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။
ပီးရင် ကိုယ်ပြောနေတဲ့ သူကို  Call ခေါ်ပါ ။လက်ခံလာအောင် ခေါ်ပါ ။သူလက်မခံရင်တော့ မရ၀ူးပေါ့နော်။
တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ
တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။


သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး
 Google ထဲကနေ IP address locator ကိုသွားရပါမယ်။
ဒီလင့် လေးကနေ သွားလိုက်နော် (
http://www.ipaddresslocation.org/ ) ။
အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ
 မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။
ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး
တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့
အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။


မှတ်ချက် ၊။   ၊။။တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့
 ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။
များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers