Sunday 4 August 2013

ဖုန်းထဲမှာ ကိုယ့်အသံကိုစိတ်ကြိုက်ပြောင်းလဲပြောဆိုနည်း


ကိုယ် ပြောလိုက်တဲ့ အသံကို ပြောင်းပေးဖို့လေဗျာ။ မိန်းကလေးအသံ၊ ကလေးအသံ၊ ယောကျာင်္းလေးအသံ၊ သရဲအသံ၊ ခွေးအသံ၊ (သို့မဟုတ်) မိမိလိုချင်တဲ့အသံတွေကို စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ခံအသံတွေ အနေနဲ့လည်း မြို့ထဲက ကားဟွန်းသံတွေလိုမျိုး ကြိုက်သလိုထည့်လို့ရတယ်။ ဘယ်လိုသုံးမလဲ ဆိုတော့ … ကွန်ပျူမှာသုံးရင်တော့ chatting တွေ နဲ့ ဖုန်းဆက်ဖို့အတွက် သုံးလို့ရသလို၊ သီချင်းသမားတွေအတွက်လည်း အသုံးဝင်ပါတယ်။ နောက်ခံကားသံတွေထည့်ပြီး ‘ချစ်ရေ .. ကိုယ် မြို့ထဲရောက်နေလို့ကွာ’ ပေါ့ ။း) ဖုန်းထဲမှာသုံးတဲ့ program လည်း ထည့်ပေးထားပါတယ်။ ယောက္ခမ က ယောကျာင်္းလေးသံနဲ့ဆို မခေါ်ပေးတာမျိုး ရှိခဲ့ရင်ပေါ့လေ။ အနည်းဆုံးတော့ အပျော်သဘောအနေနဲ့ သုံးလို့ရတယ်လေ။ အပျော်ပေါ့ဗျာ … စမ်းကြည့်ပါဦး။


PC အတွက်ရော၊ mobile အတွက်ရော ပေးထားပါတယ်။ ဒေါင်းနိုင်တဲ့ နေရာကတော့ mediafire တစ်နေရာပဲ ပေးထားလိုက်တော့မယ်ဗျာ။ အဆင်ပြေသလိုသာ ကြိုးစားပေတော့။ katz.cd မှာဆိုရင်လည်း အခြားသော hosting မျိုးစုံက တင်ပေးထားပါတယ်။ ကွင်းနဲ့ရေးပေးထားတဲ့ နာမည်ကိုသာ search ထဲ ထည့်ရှာလိုက်။ ပေါမှပေါပဲ။
ဒေါင်းလုပ် Voice changer for PC (MorphVOX_Pro_4.3.3) ဒီကောင့်ထဲမှာ crack ကို folder နဲ့ ထည့်ပေးထားတယ်။ replace ပေးရမယ့် crack ပါဗျာ။ install လုပ်ပြီး ဖွင့်ကြည့်ဗျာ။ ပထမဆုံး profile တစ်ခု ဆောက်ခိုင်းလိမ့်မယ်။ နာမည်လေးထည့်ပြီး next တွေနှိပ် စပေးလိုက်။ ပြီးရင် သုံးချင်တဲ့ အသံကို ရွေးပေးလို့ရသလို adjust လုပ်ပြီး ပြင်လို့လည်းရတယ်။ ဒီအသံကို gtalk ကဲ့သို့သော im တွေမှာလည်း ဖြစ်ဖို့ကိုတော့ Settings ရဲ့ Default system Microphone ဆိုတာကို check ပေးလိုက်ဖို့ လိုပါတယ်။ Vista နဲ့ windows 7 မှာဆိုရင်တော့ လက်ရှိသုံးနေတဲ့ mic ကို အမှတ်ခြစ် (default) ပေးထားပြီး၊ Bee audio ဆိုတဲ့ mic ကလည်း စကားပြောလိုက်ရင် အတုံးလေးတွေ လိုက်တက်ရမယ်။ ဒါဆိုရင် ဘယ်မှာပဲ သုံးသုံး ကိုယ်ပြင်ထားတဲ့အသံ ထွက်ပြီပဲ။ အောက်ကပုံတွေကို နှိပ်ကြည့်လိုက်ပါ။

mobile အတွက် တင်ပေးထားတဲ့ voice changer sis ဖိုင်လေးက အဆင်မပြေကြဘူးထင်တယ်။ ကျနော်လည်း mobile အတွက်ကို မစမ်းလိုက်မိဘူး။ အသစ်ပြန်တင်ပေးလိုက်ပါတယ်။
ဒေါင်းလုပ် Voice changer for Mobile
for windows mobile
for Series 60 mobile phones
ဒီလိုမျိုး headphone voice changer တွေလည်း ရှိသေးတယ်ဗျ။ ဒါနဲ့ဆို ဖုန်းအမျိုးအစားတွေ၊ software တွေ စဉ်းစားစရာ မလိုတော့ဘူးပေါ့။
ကျနော် software ရှယ်တဲ့အလုပ် သိပ်မလုပ်ချင်တော့ပါဘူး။ ဒါပေမယ့် အခုကောင်လေးက အပျော်သုံးလေး ဆိုတော့ ကြည်နူးမှုလေး ရှယ်ယာတဲ့ သဘောပေါ့။

free application for your mobile

ဟိုနေ့က ak က ဖုန်းနဲ့ဆိုင်တဲ့ ဆိုဒ်လေး ရှိရင်ပြောပါဦးဆိုလို့ သတိရသွားတယ်။ ကျနော်တော်တော်လန်းတဲ့ ဆိုဒ်တစ်ခုတွေ့ထားတယ်ဗျ။ Mobile အတွက် java application တွေကို free ပေးတဲ့ ဆိုဒ်တစ်ခုပေါ့။ အဲလိုမျိုးပေးတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူ့မှာ ထူးခြားချက်တစ်ခုရှိတယ်။သူ့ဆီ စစရောက်တာနဲ့ မိမိဘာဖုန်းအတွက် ရှာတာလဲဆိုတာကို အရင်ရွေးခိုင်းတယ်ဗျ။ အဲဒါရွေးပေးပြီးတာနဲ့ ကိုယ့်အတွက်ပေးတဲ့ application အားလုံးက ကိုယ့်ဖုန်းနဲ့ အလုပ်လုပ်တာတွေချည်းပဲ ဖြစ်သွားပြီလေ။ အဆင်မပြေမှာလည်း မပူရတော့ဘူး။ free ကလည်းရ၊ download ပေးထားတာကလည်း direct link နဲ့။ အဲဒါအပြင်ကို Additional Categories အနေနဲ့ သက်ဆိုင်ရာ ခေါင်းစဉ်လေးတွေ ခွဲပေးထားတော့ သုံးချင်တဲ့ application ကို အလွယ်တကူ ရွေးချယ်နိုင်တယ်။ ကဲ … ဘယ့်နှယ့်ရှိစ

ပုံမှာလည်း လင့်ချိတ်ပေးထားပါတယ်။ www.getjar.com တဲ့။ သူ့ဆီရောက်တာနဲ့ box တစ်ခုပေါ်လာပြီး မိမိဖုန်းအမျိုးအစားကို ရွေးခိုင်းလိမ့်မယ်။ အဲလို မပေါ်ခဲ့ရင်လည်း ညာဘက်ဒေါင့်က Select your phone ဆိုတာကို နှိပ်ပေးလိုက်။
ဖုန်းအမျိုးအစား နဲ့ မော်ဒယ် ကို ရိုက်ထည့်ပေး။ ရိုက်ထည့်ပေးလို့ မဆုံးခင်မှာပဲ နီးစပ်ရာဖုန်းတွေ ပေါ်လာလိမ့်မယ်။ မိမိဖုန်းပါပြီဆိုရင်တော့ အဲဒီမှာပဲ click လိုက်။ မပါသေးရင် ဆက်ရေးပြီး ပေါ်လာရင် click နှိပ်ပေါ့။
မိမိရွေးလိုက်တဲ့ ဖုန်းကို မှန် မမှန် မေးလိမ့်မယ်။ သေချာတယ်ဆိုရင် set phone type ကို နှိပ်ပေးလိုက်။ (မှတ်ချက်။ ။ ဒီထဲမှာ လုံးဝရှာမတွေ့ဘူးဆိုရင်တော့ သင့်ဖုန်းက ခေတ်လွန်နေလို့ပဲဖြစ်ဖြစ်၊ ရှေးဟောင်းပစ္စည်း ဖြစ်နေလို့ပဲဖြစ်ဖြစ် ဖြစ်လိမ့်မယ်။ ရှိသမျှဖုန်း အားလုံးလိုလိုတော့ ကျနော်ရှာတွေ့ပါတယ်)
အဲလိုဖုန်းကို ရွေးချယ်ပေးလိုက်တာနဲ့ စောစောက ညာဘက်ထောင့်မှာ မိမိဖုန်းပုံလေး ပေါ်နေလိမ့်မယ်။ သူ့အောက်က search box မှာ မိမိလိုချင်တာကိုသာ ရိုက်ပြီးရှာပေတော့။ အားလုံး မိမိဖုန်းနဲ့ အဆင်ပြေတာကို အလိုလိုရွေးချယ်ပေးပြီး ဖြစ်လိမ့်မယ်။
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Additional categories ဆိုတာကို ထောက်လိုက်ရင် ခေါင်းစဉ်အမျိုးအစားတွေ တွေ့ပါလိမ့်မယ်။ မိမိအဆင်ပြေသလို သုံးချင်တဲ့ application ကိုရှာပါ။ application တိုင်းရဲ့ဘေးမှာ Download ဆိုတဲ့ ခလုပ်ကို သိသိသာသာတွေ့ရမှာပါ။ အဲဒါလေးကို နှိပ်လိုက်ရင် pop up box လေး အခုလို ပေါ်လာပါတယ်။
နည်းလမ်းနှစ်မျိုးရှိပါတယ်။ ဖုန်းကနေ တိုက်ရိုက်ဒေါင်းပြီး သုံးဖို့နဲ့၊ ကွန်ပျူတာကနေ ဒေါင်းပြီး ဖုန်းထဲပြန်ထည့်သုံးဖို့ပေါ့။ ဖုန်းကနေဒေါင်းရင်တော့ ပိုက်ဆံကုန်မှာပေါ့။ တကယ်လို့ ဒေါင်းချင်ခဲ့တယ်ဆိုရင် အပေါ်ပုံ ဘယ်ဘက်မှာ အဆင့်ဆင့်ရေးပြထားတဲ့အတိုင်း phone browser ကနေ m.getjar.com ကို သွား။ Quick download ဆိုတာကိုရွေးပြီး သူပေးထားတဲ့ code နံပါတ်တွေ ထည့်ပေးလိုက်ရင် ဒေါင်းလုပ်ရပါပြီ။ (ဘယ်သူမှလည်း အဲလိုဒေါင်းမယ် မထင်ပါဘူး)
ကွန်ပျူတာကနေ ဒေါင်းဖို့အတွက် အပေါ်ပုံမှာ ကျနော် point လုပ်ပြထားတဲ့အတိုင်း download this application to your computer ဆိုတဲ့ စာသားကို နှိပ်လိုက်ရင် ဒေါင်းလုပ်ကျလာပါပြီ။ အဲဒီရလာတဲ့ ဖိုင်ကို မိမိဖုန်းထဲထည့်ပြီး install လုပ်ပေးယုံပဲ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ဖုန်းထဲ ဘယ်လိုထည့်လဲတော့ ပြောစရာမလိုလောက်ဘူးထင်ပါတယ်။

0 comments:

Post a Comment

    Antiviurs Offline Update Free Download


    website counter
    ဒီနေရာလေးမှာမန်ဘာဝင်ပေးပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ.....

    Followers